ဆုတ်ဖြဲခဲ့တဲ့သောကြာနေ့
အယူခံမှာ အလဲထိုးအရှုံးပေးခဲ့တယ်....................။
နှလုံးသားတစ်ခုကို အလုံပိတ်အကျဉ်းချ
ကောင်မလေးတစ်ယောက်ကိုပဲ
အသက်ထက်ဆုံးချစ်တော့မယ်လို့ ဆုံးဖြတ်
ကောင်းကင်တစ်မိုးအောက်မှာ တိုင်းပြည်တစ်ခု
ငါတည်ခဲ့တယ်....။
နောင်တမရှိ
အတ္တမရှိ
အဖြူသက်သက်
အချစ်တစ်ခု
ပျက်သုဉ်းသွားတာ
မြန်လွန်းလို့
ငါ့ကိုငါ ဘာဖြစ်ခဲ့မှန်းမသိလိုက်ချိန်
အိမ်မက်တွေ အပိုင်းပိုင်းပြုတ်ကျ
တဆစ်ဆစ်နာနေတဲ့ နှလုံးသားကို
ရင်ဘတ်ထဲငါ သယ်ပိုး
ခေါင်းငိုက်စိုက်နဲ့ပဲ
ကောင်မလေးမရှိနိုင်တော့တဲ့
ငါ့တိုင်းပြည် ငါပြန်ခဲ့တယ်........................။
မိုးတိမ်ကဗျာ
Thursday, January 7, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment